ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့ နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကျောက်မြောင်းမြို့တို့ကိုဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်တဲ့ ရတနာသိင်္ခတံတားဟာ ဒီနေ့ (အောက်တိုဘာ ၂၉ ရက်) မနက်ပိုင်းမှာ ကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တံတားကျိုးကျပျက်စီးမှုမှာ မိုင်းထောင်ဖောက်ခွဲခံရတာ၊ ဒရုန်း၊ လက်နက်ကြီးထိမှန်တာ စတာတွေကြောင့်ဖြစ်နိုင်တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါ။ တံတားပျက်စီးသွားတာကြောင့် ရွှေဘို၊ ကျောက်မြောင်းမြို့တွေ နဲ့ စဉ့်ကူးမြို့နယ်တို့အကြား …