ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းဒေသသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် အလယ်ရွာ သီလရှင်ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ညပိုင်းမှာ အဓမ္မပြုကျင့်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်သူဟာ စစ်ယူနီဖောင်း ဝတ်ဆင်ထားသူတွေဖြစ်ကြောင်း၊ ကျူးလွန်သူတွေဟာ ကျောင်းပေါ်မှာ SNA ရှိသလားဟု မေးခဲ့ကြောင်း သီလရှင်ကျောင်းမှာ စစ်ဘေးရှောင်နေသူ သီလရှင်ဆရာလေးအစောင့်က …