ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာမှာ PDF တပ်ဖွဲ့ဝင် ၃ ဦး ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ လာရောက် အလင်းဝင်တာဖြစ်ပြီး ၎င်းတို့နဲ့အတူ လက်နက်ခဲယမ်းတွေလည်း ယူဆောင်လာခဲ့ကြောင်း၊ အလင်းဝင်လာသူတွေကို ကောင်းမွန်စွာ ထားရှိထားတယ်လို့ ဆိုပါတယ်။ …