ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ နမ့်မွန်းမြို့ အ.ထ.က ကျောင်းကြီးကထိန်းခင်းခြင်းကို မနေ့က အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နမ့်မွန်းမြို့ အ.ထ.က ကျောင်းကြီးကထိန်းခင်းခြင်းကို နန့်မွန်းမြို့ ရှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှု လူငယ်ကော်မတီအဖွဲ့ဝင် ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး ရှမ်းနီရိုးရာအကအလှတွေနဲ့ ကပြဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။