Home » ဟုမ္မလင်း၊ နမ့်တော-သက္ကယ်တောင်ရှိ KTV တစ်ခု မီးလောင်

ဟုမ္မလင်း၊ နမ့်တော-သက္ကယ်တောင်ရှိ KTV တစ်ခု မီးလောင်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တော-သက္ကယ်တောင်ကျေးရွာမှာရှိတဲ့ KTV ရုံတစ်ခု ဒီကနေ့ ညနေ ၆ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတစ်ဦးက “KTV မီးလောင်တာတဲ့၊ ဦးကျော်လင်း KTV ရုံလို့ ပြောတယ်။ ဘယ်ကနေ စလောင်တာလဲဆိုတာတော့ မသိရသေးဘူး။ မီးကြိုးကနေ ရှော့ဖြစ်ပြီး လောင်တာလို့ ပြောကြတာပဲ။ အတိအကျတော့ မသိရသေးဘူး။ မီးတော့ ငြိမ်းနိုင်ပြီ” လို့ ပြောပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဆုံးရှုံးမှုအခြေအနေတွေကိုတော့ မသိရှိရသေးသလို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

related posts

Leave a Comment