27



သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ အမျိုးသမီးအဖွဲ့နဲ့ တပ်မဟာ ၅၀၅ တပ်မှူး ဦးဆောင်တဲ့အဖွဲ့တို့က ဆန်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
RCSS/SSA အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ နန်းလွန်ခမ်းနဲ့ တပ်မဟာ ၅၀၅ တပ်မှူးတို့ ဦးဆောင်တဲ့ အမှတ် (၃) တပ်ဖွဲ့ဝင်တွေဟာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မိုးနဲမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စု ၃၁၈ စုအတွက် ဆန်ရိက္ခာတွေ သွားရောက်ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။


