Home » သီပေါတံတား ပြန်ဖွင့်ဖို့ ဒေသခံတွေ လိုလားနေ

သီပေါတံတား ပြန်ဖွင့်ဖို့ ဒေသခံတွေ လိုလားနေ

by Homeland Author

သျှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ သီပေါတံတား ဖြတ်သန်းခွင့်ကို ကုန်စည်စီးဆင်းမှု ကန့်သတ်တဲ့အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်ဘက်က ပိတ်ထားတာဆိုရင် ၇ လကျော်လာပြီ ဖြစ်ပါတယ်။

သျှမ်းပြည်မြောက်ပိုင်း နဲ့ မန္တလေးမြို့တို့ကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကိုးကန့်တပ် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားချိန်မှာ နှစ်ဖက်တပ်တွေက ဖြတ်သန်းခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပြီး MNDAA ဘက်က ပြန်ဖွင့်ပေးခဲ့ပေမယ့်လည်း မြန်မာစစ်တပ်ဘက်က လက်ရှိအချိန်ထိ ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

သီပေါတံတားကို ပိတ်ထားတာကြောင့် သျှမ်းမြောက်ဒေသခံတွေဟာ သီပေါတံတားဘေးနားမှာရှိတဲ့ နမ္မတူမြစ်ကူးတို့ဆိပ်ကနေ စက်လှေ နဲ့ သွားလာနေကြရပြီး အချိန်ကြန့်ကြာကာ ကျန်းမာရေးနဲ့ ခရီးသွားလာရေးတွေမှာ အခက်အခဲဖြစ်နေကြတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

related posts

Leave a Comment