Home » ကုန်းလမ်း/ရေလမ်းဂိတ်တွေအားလုံး ဟုမ္မလင်း-ပအဖ ပိတ်ပင်

ကုန်းလမ်း/ရေလမ်းဂိတ်တွေအားလုံး ဟုမ္မလင်း-ပအဖ ပိတ်ပင်

by Homeland Author

ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေ၊ အခွန်ဂိတ်တွေအားလုံးကို ပိတ်ပင်လိုက်တယ်လို့ ဒီနေ့ ဇွန်လ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေအရ ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ယာယီပိတ်ပင်တားမြစ်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။
အဲဒီ ထုတ်ပြန်ချက် စာစတင် ထွက်ရှိတဲ့နေ့မှစတင် အကျုံးဝင်မှာဖြစ်ပြီး နောက်ထပ်ပြင်ဆင်ပြောင်းလဲတဲ့ စာမထွက်မခြင်း အတည်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အလားတူ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြစ်ပြင်တလျှောက် နဲ့ သောင်သွပ်တိုက်နယ်အတွင်းရှိ အသုံးပြုနေတဲ့ STAR LINK၊ အင်တာနက်၊ ဝိုင်ဖိုင်အသုံးပြုမှုတွေအားလုံးကိုလည်း ဇွန်လ ၁၀ ရက်မှစတင်၍ အသုံးပြုခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

အဲဒီ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ နဲ့ လိုက်နာမှုမရှိပါက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

related posts

Leave a Comment