မိမိတို့ ကရင်အမျိုးသားတွေ လိုချင်တဲ့ ကော်သူးလေကရင်ပြည်ကို ကြိုးစားတည်ဆောက်ကြဖို့၊ တိုက်ပွဲဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ ပဒိုစောလှထွန်းက ၃၇ နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့နဲ့ ပတ်သက်ပြီး ပြောကြားတဲ့ မိန်းခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကရင်လူငယ်တွေရဲ့ ဂုဏ်ဝိသေဿ သတ်မှတ်ချက်အတိုင်း ငယ်ရွယ်နုပျိုတဲ့ လန်းဆန်းတဲ့ လူငယ်တွေ ဖြစ်တဲ့အတွက် အားအင်အပြည့်နဲ့ စွမ်းစွမ်းတမံ ကြိုးစားရမှာဖြစ်သလို စည်းလုံးမှုကို အခြေခံတဲ့ စည်းရုံးရေးဆိုင်ရာ တည်ဆောက်မှုကို လည်း လူငယ်တွေအနေနဲ့ တည်ဆောက်သွားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာလည်း KNU ရဲ့ တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို ဖွဲ့စည်းတည်ဆောက်ခြင်းနဲ့အတူ နိုင်ငံရေးဆိုင်ရာ၊ အမျိုးသားရေးဆိုင်ရာ ကော်သူးလေတည်ဆောက်ခြင်းဆိုင်ရာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကရင်လူငယ်တွေရဲ့ ပါဝင်မှုလည်း လိုအပ်တယ်လို့ ပဒိုစောလှထွန်းက ပြောပါတယ်။