စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပင်လည်ဘူး၊ အင်းတော်၊ ကောလင်းမြို့အပါအဝင် မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာတယ်လို့ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုတွေ ချုပ်ငြိမ်းစေဖို့ နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှ မြို့နယ် ပေါင်း ၆၀ ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ် အခြေအနေ ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးဖို့အတွက် သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ အရေးပေါ်၊ ဆေးဝါး၊ ရိက္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေ ထုတ်ပိုးပြင်ဆင်ထားဖို့ကိုလည်း Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။


