Home » UWSA ထိန်းချုပ်နယ်မြေရှိ ယမ်းစက်ရုံပေါက်ကွဲပြီး လူအများအပြားသေဆုံး

UWSA ထိန်းချုပ်နယ်မြေရှိ ယမ်းစက်ရုံပေါက်ကွဲပြီး လူအများအပြားသေဆုံး

by Homeland Author

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ ပန်ခမ်းမြို့အနီးမှာ ယမ်းချက်စက်ရုံတစ်ခုပေါက်ကွဲလို့ လူ ၆၀ ကျော် ထိခိုက်သေဆုံးသွားတယ်လို့ Wa News Land က ဖော်ပြပါတယ်။

ပန်ဆန်းမြို့၊ ယောင်းပန်းရွာမှာ မနေ့က ဧပြီ ၇ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
Shwe Phee Myay သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ လူ ၁၆၀ ကျော်သေဆုံးမှုရှိနေကြောင်း နဲ့ အဲဒီ ယမ်းချက်စက်ရုံကို ဦးဆောင်လုပ်နေတဲ့ တရုတ်နိုင်ငံသားကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဲဒီ ယမ်းချက်စက်ရုံအနီးတစ်ဝိုက်မှာ ဆီဆိုင်လည်းရှိထားတာကြောင့် ထိခိုက်မှု ပိုများစေခဲ့တာ ဖြစ်ကြောင်း၊ လက်ရှိမှာ လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

related posts

Leave a Comment