တနိုင်းဒေသမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ရဲ့ တပ်စခန်းအချို့၊ အလောင်း ၉ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဝါရာဇွပ်ဌာနေပြည်သူ့စစ်အဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဝါရာဇွပ်ဌာနေပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ တနိုင်းဒေသ ရေကန်တောင် နဲ့ ပွိုင့် ၃၂၁ တို့မှာ တပ်စွဲထားတဲ့ KIA တပ်မဟာ ၂ နဲ့ ရင်း ၁၄ တို့ကို ဒီဇင်ဘာ ၁၃ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဝေလောဂိတ်စခန်း နဲ့ ကာကင်းစခန်းပင်မတပ်စခန်းကြီးကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဝါရာဇွပ်ဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ပွဲအတွင်း ရန်သူ့ထံမှာ အလောင်း ၉ လောင်း၊ ဒရုန်းယာဉ်အကြီးတစီး နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့သလို့ ဝါရာဇွပ်ဌာနေပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ၊ လက်နက် ဆုံးရှုံးမှု မရှိဘူးလို့ ဆိုပါတယ်။