Home စီးပွားရေး ကျောက်စိမ်းတူးဖို့ သင်္ချိုင်းမြေ ချဲ့ထွင်ရာမှ အလောင်းတွေ ထွက်ပေါ်လာ

ကျောက်စိမ်းတူးဖို့ သင်္ချိုင်းမြေ ချဲ့ထွင်ရာမှ အလောင်းတွေ ထွက်ပေါ်လာ

by Homeland Author

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ကျောက်စိမ်းတူးဖို့ သင်္ချိုင်းမြေကို ချဲ့ထွင်ရာ အလောင်းတွေ ထွက်ပေါ်လာတဲ့အတွက် ဒေသခံတွေအကြား ဝေဖန်မှု မြင့်တက်နေပါတယ်။

ကျောက်စိမ်းတူးဖို့ အပါအဝင် စား‌သောက်ဆိုင်ကြီးတွေ၊ အဆောက်အဦတွေ ချဲ့ထွင်ရာမှာ စာသင်ကျောင်းမြေ၊ ဆေးရုံမြေနဲ့ သင်္ချိုင်းမြေတို့ကို ချဲ့ထွင်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ အမိန့်နဲ့ ကျောက်စိမ်း တူးဖော်ဖို့ သင်္ချိုင်းမြေကို ချဲ့ထွင်တာဖြစ်သလို ရပ်မိရပ်ဖတွေရဲ့ ခွင့်ပြုချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ သင်္ချိုင်းမြေကို ချဲ့ထွင်တူးဖော်နေတာကြောင့် ဒေသခံပြည်သူတွေ ကန့်ကွက်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ ဖားကန့်မြို့မှာ စစ်တပ် နဲ့ KIA/KPDF တို့ အကြား မကြာခဏပစ်ခတ်မှုဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၃၀ ကျော် သေဆုံးပြီး၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment