Home နိုင်ငံရေး SNA ဦးဆောင်၍ ဟုမ္မလင်း-ဗန်းမောက် နယ်ချင်းဆက်လမ်းတွေကို ပြုပြင်

SNA ဦးဆောင်၍ ဟုမ္မလင်း-ဗန်းမောက် နယ်ချင်းဆက်လမ်းတွေကို ပြုပြင်

by Homeland Author

(သတင်းဓါတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် နဲ့ ဟုမ္မလင်းမြို့နယ် နယ်ချင်းဆက်လမ်းပိုင်းတွေကို ရှမ်းနီအမျိုးသားများတပ်မတော် – SNA က ဦးဆောင်ပြီး ပြည်သူလူထုတွေနဲ့ ပူးပေါင်းကာ လမ်းပိုင်းတွေကို ပြုပြင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

၎င်း နယ်ချင်းဆက်လမ်းဟာ တောင်အတက်အဆင်း များပြားပြီး မိုးတွင်းကာလမှာ သွားလာရေး အလွန်ခက်ခဲနေတာကြောင့် SNA တပ်မဟာ ၆၁၄ က ဦးဆောင် ပြုပြင်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဟုမ္မလင်းမြို့နယ် – ဖောင်းပြင် – ပင်လည်ဘူး ကုန်းလမ်း နဲ့ ဟုမ္မလင်း – ဖောင်းပြင် – မော်လိုက် – မုံရွာ ရေလမ်းကြောင်းတွေဟာ လုံခြုံရေး အခြေအနေတွေကြောင့် သွားလာမှု အဆင်မပြေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ထို့ကြောင့် ဟုမ္မလင်း – ဗန်းမောက် နယ်ချင်းဆက်လမ်းပိုင်းကို ဒေသတွင်းနေ ပြည်သူလူထုတို့က ခရီးသွားလာရေး၊ ကုန်သွယ်ရေးတို့ကို အဓိက အားထားနေရတယ်လို့ သိရပါတယ်။

related posts

Leave a Comment