Home » ဆင်းရဲမွဲတေမှုက ပြည်သူတွေကို ဘိန်းစိုက်ပျိုးရေးဘက် တွန်းပို့နေဟု RCSS ဆို

ဆင်းရဲမွဲတေမှုက ပြည်သူတွေကို ဘိန်းစိုက်ပျိုးရေးဘက် တွန်းပို့နေဟု RCSS ဆို

by Homeland Author

ဒေသခံပြည်သူများသည် ဆင်းရဲမွဲတေမှုနဲ့ အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနဲ့ အခြားသော တရားမဝင် လုပ်ငန်းတွေထဲသို့ တွန်းပို့ခံရကြောင်းကို နားလည်ထားကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ပြောပါတယ်။

ဒါကြောင့် တောင်သူတွေ နဲ့ သားကောင်ဖြစ်ရသူတွေကို ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်မှာမဟုတ်ကြောင်း မိမိတို့၏ ပေါ်လစီက ပြဋ္ဌာန်းထားတယ်လို့ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်မယ့်အစား၊ မိမိတို့ရဲ့ လက်ရှိ ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွေမှဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့ ဒေသခံပြည်သူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs)၊ နိုင်ငံတကာ မိတ်ဖက်တွေ နဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံ၍ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းတွေမှတစ်ဆင့် မိမိတို့ဟာ အစားထိုးသီးနှံတွေနဲ့ ပိုမိုကျယ်ပြန့်သော အစားထိုးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး၊ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို ရေရှည် အစားထိုးနိုင်ဖို့ အခြေခံခြေလှမ်းတွေအဖြစ် တရားဝင်ကုန်စည်တွေအတွက် ဈေးကွက်ရရှိရေးနဲ့ ဓလေ့ထုံးတမ်းစဉ်လာ မြေယာပိုင်ဆိုင်ခွင့်တို့ကို ကာကွယ်ပေးနိုင်မယ်လို့ RCSS က ပြောပါတယ်။

related posts

Leave a Comment