Home » ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးလိုဟု ကူကီး ပြော

ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးလိုဟု ကူကီး ပြော

by Homeland Author

ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ/ ကူကီးပြည်သူ့စည်းလုံးညီညွတ်ရေးတပ်မတော် (UKSC/UKSA) က ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းသွားဖို့ ကတိကဝတ်ပြုတယ်လို့ ဒီနေ့ ဇွန်လ ၇ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။

ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ အနေဖြင့် အကြမ်းဖက်မှုတွေကို မလိုလားသည်နဲ့အညီ ပဋိပက္ခတွေကို နိုင်ငံရေးစကားဝိုင်းမှတဆင့် ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိတယ်လို့ ဆိုပါတယ်။

“နိုင်ငံတော်အစိုးရ၊ ရှမ်းနီ၊ နာဂနှင့် အခြားတိုင်းရင်းသား အင်အားစုများနှင့်အတူ ချစ်ခင်ရင်းနှီးမှု၊ မိတ်ဆွေဖြစ်မှုတို့ကို အခြေခံ၍ ပွင့်လင်းစွာ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းသွားရန် ကတိကဝတ်ပြုပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်တွေဟာ ကိုလိုနီခေတ်ရဲ့ အမွေဆိုးတွေသာဖြစ်ကြောင်း၊ ကူကီးလူမျိုးတို့ရဲ့ မူလပိုင်ဆိုင်မှုသမိုင်းကြောင်းကို နိုင်ငံတော်အစိုးရနဲ့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေအားလုံးက သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ထား အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment