Home သတင်းဓာတ်ပုံ နာဂတပ်ဖွဲ့ NSCN-K/AM ရဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်များ

နာဂတပ်ဖွဲ့ NSCN-K/AM ရဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်များ

by Homeland Author

နာဂတပ်ဖွဲ့တစ်ခုဖြစ်ခုဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အန်းမိုင် (NSCN-AM) ဦးဆောင်တဲ့အဖွဲ့မှ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) ဥက္ကဋ္ဌဖြစ်သူ ကပ္ပလန် ဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ကွယ်လွန်သွားပြီးနောက် လက်ရှိမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အန်းမိုင်(NSCN-AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ယုံးအောင် (NSCN-YA) စသဖြင့် ရပ်တည်လှုပ်ရှားလျက်ရှိနေပါတယ်။

အဆိုပါ နာဂတပ်ဖွဲ့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တွေအပြင် ခန္တီး နဲ့ ဟုမ္မလင်းမြို့နယ်တွေမှာလည်း လှုပ်ရှားနေတယ်လို့ သိရပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) ဟာ အိန္ဒိယနိုင်ငံရှိ နာဂလန်းပြည်နယ် နဲ့ မြန်မာနိုင်ငံမှ နာဂဒေသတို့ကို ပေါင်းစည်းပြီး လွတ်လပ်သော နာဂဆိုရှယ်လစ် နိုင်ငံတော်တည်ထောင်ဖို့ ၁၉၈၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

related posts

Leave a Comment