Home အမျိုးသမီးကဏ္ဍ အမျိုးသမီး ၁၁ ဦးကို အဓမ္မကျူးလွန်သူအား AA က ထောင်ဒဏ် နှစ် ၄၀ ချမှတ်

အမျိုးသမီး ၁၁ ဦးကို အဓမ္မကျူးလွန်သူအား AA က ထောင်ဒဏ် နှစ် ၄၀ ချမှတ်

by Homeland Author

အသက်မပြည့်သေးတဲ့ အမျိုးသမီး ၂ ဦးအပါအဝင် ၁၁ ဦးကို အတင်းအဓမ္မကျူးလွန်ခဲ့သူကို အာရက္ခတပ်တော် (AA) က ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်ဆိုသူဟာ အမျိုးသမီး ၁၁ ဦးကို အဓမ္မကျူးလွန်ခဲ့ပြီး ၎င်းအမှုတွေအနက် အမှု ၄ မှု စစ်ဆေးပြီးတဲ့နောက် မြောက်ဦးခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တာပါ။

အဆိုပါ အမှု ၄ မှုကတော့ ကျောက်တော်မြို့နယ် မြင်းကြပ်ရွာက အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တဦး၊ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်က အသက် (၁၄) နှစ် အရွယ် အမျိုးသမီးငယ်တဦး၊ မြောက်ဦးမြို့နယ် ဆင်အိုးကြီးရွာမက အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတဦး နဲ့ မြောက်ဦးမြို့နယ် လိပ်မရွာက အသက် (၂၀) အရွယ် အမျိုးသမီးတဦးတို့ရဲ့ အမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းအမှုတွေအနက် အသက်အရွယ် မပြည့်သေးတဲဲ့ အမျိုးသမီးငယ်အမှုတွေ ပါဝင်တာကြောင့် အဆိုပါ ပြစ်ဒဏ်ပေးမှုအပေါ် လျော့ပေါ့ပြစ်ဒဏ်ပေးတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပြစ်မှုကျူးလွန်သူ ဇော်ဇော်နိုင်ကို တရားရုံးအမိန့်အရ အမှုလေးခုအတွက် တစ်မှုစီ ၁၀ နှစ် သီးခြားကျဖို့ အမိန့်ချထားပြီး စုစုပေါင်း ၄၀ နှစ် ချမှတ်လိုက်တာ ဖြစ်ပြီး ကျန် ၇ မှုကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဘုန်းတော်ကြီးတစ်ပါးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

related posts

Leave a Comment