ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ ထံ PDF တပ်ဖွဲ့ဝင် ၃ ဦး လက်နက်၊ ဒရုန်းတွေနဲ့အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့မှာ လာရောက်ပူးပေါင်းခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗန်းမောက်အခြေပြု လုံခြုံရေးနဲ့ လူထုနေရာပြန်လည်ချထားရေး တာဝန်ထမ်းဆောင်နေတဲ့ SNA တပ်မဟာ ၆၁၄ စဝ်ဆမ်တာ စစ်ကြောင်းထံသို့ PDF Drone တာဝန်ခံ ကိုမြင့်ဇင်နဲ့ တပ်ဖွဲ့ဝင်အချို့ ဒရုန်းတစ်စီး၊ လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ PDF တပ်ဖွဲ့ဝင် ၃ ဦးကို SNA တာဝန်ရှိ အရာရှိကြီးတွေ နဲ့ ရပ်မိရပ်ဖတွေက ဂုဏ်ပြုဆုငွေတွေ နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ကလည်း SNA တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေမှာ PDF အဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။