ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ဟော်ဇောင်းရွာကို စစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၇ ရက်တွေမှာ နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဟော်ဇောင်းရွာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အထိအခိုက်များနိုင်ကြောင်း သို့သော်လည်း အင်တာနက် ပိတ်ထားခြင်းကြောင့် အသေးစိတ်အခြေအနေကို မသိရှိရသေးဘူးလို့ အဲဒီ အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။ “ဟော်စောင်းမှာ မနေ့ကရော ဒီနေ့ရော ချတယ်လို့ …