ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
ထိန်းချုပ်နယ်မြေတွေ ပြန်မဆုံးရှုံးစေဖို့ အားလုံးမှာ တာဝန်ရှိဟု ချင်းအမျိုးသားနေ့သို့ AA သဝဏ်လွှာပို့
အာရက္ခတပ်တော် (ULA/AA) ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ခဲ့တဲ့ စစ်ဆင်ရေးရလဒ်တွေ၊ အောင်မြင်မှုအသီးသီးအပွင့်တွေဟာ အာရက္ခဒေသ အတွင်း၊ အပြင်နဲ့ အိမ်နီးနားချင်းရှိ လူမျိုးပေါင်းစုံအသီးသီးတို့အနေဖြင့်လည်း စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်မှုနဲ့အတူ လွတ်လပ်တဲ့ဒေသ၊ လွတ်လပ်တဲ့ လူမျိုးတွေအဖြစ်သို့ ရောက်ရှိလာခဲ့ပြီလို့ ပြောပါတယ်။ အခုလို အခြေအနေကောင်းဆီ ရောက်ရှိလာစေဖို့အတွက် အာရက္ခအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို မိမိတို့ဟာ အာရက္ခအချုပ်အခြာအာဏာ ကျဆုံးပြီးကတည်းကပင် …