ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
အမျိုးသမီးရဲဘော် အဓမ္မပြုကျင့်ခံရမှု အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က အမျိုးသမီးရဲဘော်တစ်ဦးကို ဖမ်းဆီးချုပ်နှောင်ကာ အဓမ္မပြုကျင့်ပြီး ရိုက်နှက်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ် နဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း နဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ တောင်းဆိုလိုက်ပါတယ်. ဒီနေ့ မတ်လ ၇ ရက် ထုတ်ပြန်တောင်းဆိုချက်မှာတော့ ကျူးလွန်ခံရသူမှာ တပ်ရင်းက အမျိုးသမီးရဲဘော်တယောက် ဖြစ်သလို ၃ နှစ်အရွယ် …