ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့၊ သက္ကယ်တောင်ကျေးရွာမှာ ရှမ်းနီအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ၊ ရှမ်းနီအမျိုးသားများပြည်နယ်မှ ဦးဆောင် ကျင်းပသွားမယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက် မနက် ၉ နာရီမှာ တရားနာယူခြင်း၊ ၁၀ နာရီ …