ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ပွဲဒဏ်ကြောင့် တိတ်ဆိတ်ခြောက်ကပ်ပြီး ပျက်စီးခဲ့ရတဲ့ ဗန်းမောက်မြို့ဟာ အခုချိန်မှာတော့ ပြန်လည်စည်ကား လာနေပြီပဲ ဖြစ်ပါတယ်။ အခုတွေ့နေရတာကတော့ ဗန်းမောက်မြို့ရဲ့ မနက်ခင်းဈေးလေးတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ကာ ဗန်းမောက်မြို့သိမ်းတိုက်ပွဲလို့ဆိုပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်ကြတဲ့ ကတူးအာမီ၊ ပူးပေါင်းအဖွဲ့တွေဟာ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါ …