ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
တမူးခရိုင် သနန်ကျေးရွာက အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ အိန္ဒိယနိုင်ငံ အလှော်ကျေးရွာအနီးက စစ်ရှောင်စခန်းကို ကူကီးလက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်တာကြောင့် ဟုမ္မလင်းမြို့ကို တိမ်းရှောင်လာခဲ့ကြတယ်လို့ သိရပါတယ်။ သနန်စစ်ဘေးရှောင်တွေဟာ အိန္ဒိယ – မြန်မာနယ်စပ် အလှော်စခန်းကနေ အိုခရူ၊ အဲဒီကတစ်ဆင့် လေရှီးကို ဖြတ်သန်းပြီး ဟုမ္မလင်းမြို့ကို ရောက်လာခဲ့တာဖြစ်ကာ လမ်းခရီးတစ်လျှောက် ၅ ရက်ခန့် ကြာမြင့်ခဲ့တယ်လို့ …