ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
ဟုမ္မလင်းမြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်လျက်ရှိနေတယ်လို့ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတွေထံက သိရပါတယ်။ ဒါ့အပြင် ဟုမ္မလင်းဒေသက ကျေးရွာတွေမှာ ငှက်ဖျားရောဂါကာကွယ်ရေးနဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ များပြားနေတာကြောင့် ကျန်းမာရေးပရဟိတအသင်းမှ လာရောက်၍ ငှက်ဖျားရောဂါ အခမဲ့စစ်ဆေးကုသပေးခြင်းနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို …