သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
သာသာနာနှစ် -၂၅၆၉ နှစ်၊ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းပွဲတော်ကို စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပင်လည်ဘူးမြို့နယ်၊ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ကဆုန်လပြည့်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဲဒီအခမ်းအနားမှာတော့ ရှမ်းနီလူမျိုးတွေဟာ တုံးမွန်းကျေးရွာရှိ မဟာဗောဓိပင်ခြေရင်း၌ ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူပူဇော်ခဲ့ကြပါတယ်။