စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
ဟုမ္မလင်းမြို့နယ် ကောယားအုပ်စု၊ စံကပ်ကျေးရွာအနီးရှိ နမ့်ကိုးတန်ချောင်းဖျားမှာ ရွှေသတ္တုတူးဖော်ဖို့ စီစဉ်နေတာကြောင့် ချောင်းအောက်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးနိုင်တဲ့အတွက် ကောယားအုပ်စုအတွင်းရှိ ကျေးရွာတွေက ဒေသခံရွာသူရွာသားတွေနဲ့ တောင်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိတယ်လို့ သိရပါတယ်။ ရွှေသတ္တု မတူးဖော်ဖို့ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက လုပ်ငန်းရှင်တွေဟာ ရွှေတူးဖို့ ပြင်ဆင်နေတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ တားမြစ်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပဲ ဖြစ်ပါတယ်။ အဲဒီ …