နောက်ဆုံး သတင်း

  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသား/သူတွေဟာ ကျောင်းပြောင်းလက်မှတ် (TC) မရရှိနိုင်သေးတာကြောင့် ကျောင်းအပ်ရတာ ခက်ခဲမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။ ဗန်းမောက်မြို့နယ်မှ ဟုမ္မလင်းမြို့နယ်သို့ ကျောင်းပြောင်းလာတဲ့ ကျောင်းသား/သူတွေဟာ ကျောင်းပြောင်းလက်မှတ် ရရှိဖို့ ခက်ခဲနေတာကြောင့် ကျောင်းမတက်ရပဲ ကြန့်ကြာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဗန်းမောက်ဒေသခံ တစ်ဦးက “အရင်ကဆို TC မပါသေး မရသေးရင်လဲ ယာယီ ကျောင်းတက်လို့ရတယ်။ …

    0 FacebookTwitterPinterestEmail
  • သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ လူသတ်မှုကျူးလွန်တယ်လို့ဆိုပြီး လူ ၄ ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ မနေ့က ဇွန်လ ၁၃ ရက်မှာ သေဒဏ်ပေးခဲ့တယ်လို့ ကိုးကန့်သတင်းကွန်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ ဒေသမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြတိုက်မှု၊ ရိုက်နှက်မှု စတဲ့အမှုတွေကို ကျူးလွန်ခဲ့သူ ၇ ဦးအနက် ၄ ဦးကို လောက်ကိုင်မြို့ရှိ …

    0 FacebookTwitterPinterestEmail
  • ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) မှ ရဲဘော်မုန်တိုင်း နဲ့ ရဲဘော်နိုင်ကြီးတို့ဟာ ရွှေ ၁၆ ပိဿာကျော် ထုတ်ယူမှု နဲ့ အခြားသော ပြစ်မှုတွေကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန (MOD )က ဒီနေ့ ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မန္တလေး-PDF မှ ရဲဘော်မုန်တိုင်းက စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ တာဝန်ဖြင့် စစ်ဦးစီးအဖွဲ့ရဲ့ …

    0 FacebookTwitterPinterestEmail
  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC နဲ့ SSPP ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြတဲ့ စဝ်နော်လိတ်၊ စဝ်စွမ်မောဝ် နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ စိုင်းဗျူဖ၊ စိုင်းလောင်ခမ်းမိန်းတို့ပါဝင်တဲ့ ကိုယ်စားလှယ်တွေ …

    0 FacebookTwitterPinterestEmail
  • ဟုမ္မလင်းမြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်လျက်ရှိနေတယ်လို့ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတွေထံက သိရပါတယ်။ ဒါ့အပြင် ဟုမ္မလင်းဒေသက ကျေးရွာတွေမှာ ငှက်ဖျားရောဂါကာကွယ်ရေးနဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ များပြားနေတာကြောင့် ကျန်းမာရေးပရဟိတအသင်းမှ လာရောက်၍ ငှက်ဖျားရောဂါ အခမဲ့စစ်ဆေးကုသပေးခြင်းနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို …

    0 FacebookTwitterPinterestEmail