စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
တစုတစ်ဖွဲ့ နယ်မြေဒေသတခု လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်သည်အထိ တပြိုင်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ သဘောတူအတည်ပြုခဲ့ကြပါတယ်။ အဲဒီ သဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)၊ …