စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
ENDA ဖမ်းသွားတဲ့ ရှမ်းနီလူငယ်တွေကို ပြန်လွှတ်ဖို့ SNA ပြော၊ အကြမ်းဖက်လုပ်ရပ်တွေကို လက်တုန့်ပြန်သွားမယ်လို့ ဆို
စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ်အတွင်း အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) အတင်းအဓမ္မဖမ်းဆီးသွားတဲ့ ရှမ်းနီလူငယ်တွေကို ပြန်လွှတ်ပေးဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြောပါတယ်။ ခန္တီးမြို့နယ် မှန်ပင်ကျေးရွာ၊ ကင်းတော်ရွာ၊ ကောင်းမှုရွာ၊ အောက်ဖောင်ဆိုင်ရွာနဲ့ ကောင်းဟိန်ရွာ စတဲ့ကျေးရွာတွေမှာ ဇူလိုင် ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှမ်းနီလူငယ် ၂၂ ဦးအပြင် အခြားတိုင်းရင်းသားလူငယ် အများအပြားကို ENNO/ENDA …