စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
သဝန်အင်းနဲ့ နမ့်ကပေါအင်း လုပ်ပိုင်ခွင့်အရှုပ်အထွေး ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲက သဝန်အင်းနဲ့ နမ့်ကပေါအင်းတို့ကို ရေချိုငါးလုပ်ငန်းဥပဒေနဲ့ မညီဘဲ ပုဂ္ဂိုလ်တစ်ဦးတည်းကို (၃) နှစ် ကြေးဒိုင် လုပ်ပိုင်ခွင့် ပေးထားတာကို ပယ်ဖျက်ပေးဖို့ ဒေသခံ တောင်သူ ရေလုပ်သားတွေက တောင်းဆိုနေကြပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ (၄) နဲ့အညီ ပွင့်လင်းမြင်သာတဲ့ ဈေးပြိုင်လေလံစနစ်နဲ့ ပြန်လည်ရောင်းချပေးဖို့ ဒေသခံတွေက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ …