စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
ENDA ဖမ်းသွားတဲ့ လူငယ်တွေကို ပြန်လွှတ်ဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ပြော
စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ်အတွင်း အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) အတင်းအဓမ္မဖမ်းဆီးသွားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့က ဇူလိုင် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ခန္တီးမြို့နယ် အထက်မြစ်ကြောင်းကျေးရွာနေ ပြည်သူတွေကို နာဂလက်နက်ကိုင်အဖွဲ့ (ENNO/ENDA) က ဖမ်းဆီးသွားခြင်းကြောင့် ၎င်းတို့ရဲ့ မိသားစုအတွက်သာမက ဒေသခံ ပြည်သူတစ်ရပ်လုံးအကြား စိုးရိမ်ပူပန်မှုနဲ့ မလုံခြုံမှုတွေ ဖြစ်ပေါ်စေတယ်လို့ …