စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအားလုံးနဲ့ လက်တွဲ၍ “ပြည်သူ့ခုခံတွန်းလှန်စစ်”မှသည် “မဟာဗျူဟာထိုးစစ်”သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွားကြဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တပ်မှူးကြီးများအစည်းအဝေးအပြီး ဒီနေ့ ဩဂုတ် ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။ NUG ရဲ့ တပ်မှူးကြီးများအစည်းအဝေးကို ဩဂုတ် ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ …