Home » ဖက်ဒရယ်ဒီမိုကရက်တစ် ပညာရေးအင်စတီကျူးရှင်း TNLA တည်ဆောက်မည်

ဖက်ဒရယ်ဒီမိုကရက်တစ် ပညာရေးအင်စတီကျူးရှင်း TNLA တည်ဆောက်မည်

by Homeland Author

တအာင်းပြည်ပညာရေးအကယ်ဒမီ (TEA) ကို မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပညာရေးအင်စတီကျူးရှင်းတစ်ရပ် ဖြစ်လာစေဖို့ တည်ဆောက်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့က နမ့်ဆန်မြို့နယ်မှာ TEA မှ ဦးစီးဖွင့်လှစ်တဲ့ ဆရာအတတ်ပညာဒီပလိုမာသင်တန်း (Diploma in Teacher Education – DTED) အပတ်စဉ် (၄) ဖွင့်လှစ်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ် တားဘုန်းကျော်က “TEA ကို မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပညာရေးအင်စတီကျူးရှင်းတစ်ရပ် ဖြစ်လာစေဖို့ တည်ဆောက်သွားမှာဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမှတစ်ဆင့် လွတ်လပ်ပြီး ပွင့်လင်းတဲ့ ဒီမိုကရက်တစ်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေဖို့ ဖော်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဒါဟာ ပညာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်တာကြောင့် မျှော်မှန်းထားတဲ့အတိုင်း အကောင်အထည်ဖော်တည်ဆောက်သွားမယ်” လို့ ပြောပါတယ်။

TEA မှ ဦးစီးဖွင့်လှစ်တဲ့ ဆရာအတတ်ပညာဒီပလိုမာသင်တန်းကို ကျောင်းသား/သူ (၉၀) ဦး တက်ရောက်သင်ကြားမှာဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းကာလအတွင်း ပညာရေး၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနဲ့ တအာင်းရုံးသုံးစာ စတဲ့ ဘာသာရပ်တွေကို အဓိက သင်ကြားမှာဖြစ်ပြီး အနုပညာ (ပန်းချီ၊ ဂီတ)၊ ကာယ၊ ဒေသသင်ရိုး၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာနဲ့ အင်္ဂလိပ်စာအခြေခံစွမ်းရည် (၄) ရပ်တို့ကို တွဲဖက်သင်ရိုးတွေအဖြစ် သင်ကြားမယ်လို့ ဆိုပါတယ်။

အဆိုပါ ဒီပလိုမာအဆင့် အောင်မြင်ပြီးဆုံးသူတွေအနေဖြင့် တအာင်းပြည်ပညာရေးကောင်စီ (TLEC) က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ဆရာ/မတွေအဖြစ် တာဝန်ထမ်းဆောင်နိုင်သလို B.Ed နဲ့ B.A/B.Sc အဆင့် သင်တန်းတွေကိုလည်း ဆက်လက်တက်ရောက်ခွင့် ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

TLEC က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နိုင်မယ့် အရည်အချင်းပြည့်ဝတဲ့ ဆရာ/မတွေ မွေးထုတ်ပေးဖို့ ရည်ရွယ်ပြီး အဆိုပါ သင်တန်းကို ဖွင့်လှစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment