မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံ (Plekhanov Russian University of Economics) စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို ပေးအပ်ခဲ့တယ်လို့ ဩဂုတ် ၁၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဦးမင်းအောင်လှိုင်ကို G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းအပေါ် ဘုတ်အဖွဲ့အနေဖြင့် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့တယ်လို့ …