စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာနဲ့ အနီးတဝိုက်ရှိ ရွှေမှော်တွေမှာ ဟုမ္မလင်း HPDF တွေက အတင်းအဓမ္မ တပ်သားသစ်စုဆောင်းနေတာကြောင့် ဒေသခံတွေနဲ့ ရွှေမှော်အလုပ်သမားတွေ အခက်အခဲကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။ HPDF တွေက နေ့ခင်းဘက်မှာ သွားလာဟန်ပြ၍ ယောက်ျားသားတွေ ရှိသောနေရာတွေကို လိုက်လံကြည့်ရှုပြီး ညဘက်မှာ ကားကြီးတွေနဲ့ လှည့်ပတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ အရင်က မနက် ၆ …