စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
ခန္တီးခရိုင်တပ်ရင်း (၂) အတွင်း တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ရဲဘော်အချို့ဟာ အကြောင်းပြချက်အမျိုးမျိုးနဲ့ တပ်မှ ခွင့်ပြုချက်မရဘဲ ခွင့်လွန်၊ တပ်ပြေး၊ တပ်မှကင်းကွာရဲဘော်တွေ ရှိနေတယ်လို့ ဟုမ္မလင်း – HPDF က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရဲဘော်အချို့ဟာ ရန်သူ့ဘက်ကို ပူးပေါင်းသွားတာတွေရှိသလို ရန်သူ့ဘက်က စေလွှတ်တဲ့ ထောက်လှမ်းရေးသူလျှိုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ချက်မှာ …