စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာဟု ICRC ပြော
“ဘယ်သူ့ကိုမှ အပြစ်လို့ မမြင်ပါဘူး။ မိုင်းတွေသုံးတာကတော့ မကောင်းဘူးပေါ့နော်။ ခြေထောက်မရှိဘူးလို့ သိသိချင်းအချိန်မှာ စိတ်အားငယ်တယ်ပေါ့နော်။ စိတ်သွားတိုင်းတော့ ကိုယ်မပါတော့ဘူးနော်” မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခဲ့ရပြီး ဘားအံ့ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု ရယူခဲ့သူ မနီနီဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လက်နက်ကိုင်ပဋိပက္ခတွေဟာ အရင်က သက်ရောက်မှုနည်းခဲ့တဲ့ ဒေသတွေအထိပါ ကျယ်ပြန့်လာခဲ့ပြီး ဒေသခံရပ်ရွာလူထုတွေအတွက် …