Home နိုင်ငံတကာ မူးယစ်ဆေးဝါးထုတ်လုပ်ဟု ထိုင်းက စွပ်စွဲချိန် UWSA အင်အားပြ

မူးယစ်ဆေးဝါးထုတ်လုပ်ဟု ထိုင်းက စွပ်စွဲချိန် UWSA အင်အားပြ

by Homeland Author

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က မူးယစ်ဆေးဝါး ဆက်ထုတ်နေမယ်ဆိုရင် ထိုင်းဘက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်တွယ်ဖြေရှင်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောဆိုနေချိန်မှာပဲ UWSA က တပ်အင်အားပြသခဲ့ပါတယ်။

မြန်မာ – တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ UWSA ဟာ ထိုင်းနယ်စပ်မှာလည်း “ဝ”တပ်ဖွဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသအဖြစ် နယ်မြေ ဖြန့်ကြက်ထားပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ UWSA ရဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး စစ်ရေးပြမြင်ကွင်း ပုံရိပ်တွေဖြစ်တဲ့ လက်နက်အမျိုးအစားအလိုက် ထုတ်ဖော်ပြသခြင်း၊ အမျိုးသား/ အမျိုးသမီးတွေပါဝင်တဲ့ တိုက်ခိုက်ရေးဆိုင်ရာ တိုက်ကွက်ဖော်ဆောင်ခြင်းနဲ့ သိုင်းကွက်ပြ တိုက်ခိုက်ခြင်း၊ လက်ရုံးရည် တိုးတက်ခြင်းဆိုင်ရာ ကိုယ်ခံပညာသိုင်းကွက် အမျိုးမျိုးနဲ့တိုက်ခိုက်ပြခြင်း အစရှိတာတွေ ပါဝင်ခဲ့တယ်လို့ Wa News Land က ဖော်ပြပါတယ်။

ဒါ့အပြင် “ဝ” တပ်ဖွဲ့ တောင်ပိုင်း – ၁၇၁ စစ်ဒေသ၊ တပ်မဟာ ၇၇၈ မှာ ဗိုလ်လောင်း အယောက် (၂၀၀) ကျော်အပြင် တပ်သားသစ်တွေ ပါဝင်တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ တပ်သားသစ် ၂ ထောင်စီ ကောက်ခံသွားဖို့ပြင်ဆင် သတ်မှတ်ကာ စာထုတ်ပြန်ပြီးတဲ့နောက်မှာ အခုလို အမျိုသား၊ အမျိုးသမီးပါဝင်တဲ့ တပ်သားသစ်ဆင်းပွဲအခမ်းအနား ကျင်းပခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း မြောက်ပိုင်းအခြေစိုက် တပ်မဟာ ၃၁၈ အဖွဲ့ကကချင်၊ လားဟူ၊ ရှမ်း၊ “ဝ” ၊ အာခါ၊ လီဆူ စတဲ့ တိုင်းရင်သားတွေပါဝင်တဲ့ ဆောင်းတွင်းစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဟိုပန်ခရိုင်၊ အာဟန်းကျေးရွာမှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment