Home » ဟုမ္မလင်းက ဒေသခံ ၄ ထောင်နီးပါးကို SNA က အခမဲ့ ဆေးဝါးကုသပေး

ဟုမ္မလင်းက ဒေသခံ ၄ ထောင်နီးပါးကို SNA က အခမဲ့ ဆေးဝါးကုသပေး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ဒေသခံ ၄ ထောင်နီးပါးကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က အခမဲ့ဆေးဝါးကုသမှု ပေးခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ရှိ ကက်သာစံပြကျေးရွာ၊ ဆွယ်ကြာပေါ်၊ နောင်မခန်၊ ထုံမာသဲ၊ လှိုင်မဆန်၊ ဟူနောင်၊ သဝန်ဖာနိုင်း၊ ဟူပက်၊ နားသကျိုက်၊ ဓမ္မအေးရိပ်တောရကျောင်းတိုက်၊ ဟူဖါ၊ တပ်ကုန်း၊ ခတောင်ပွင့်၊ သဝန်ထွက်ဝ၊ ကောယားစံပြကျေးရွာ၊ စံကပ်၊ မကျီးကုန်း၊ ခေါ်ကြူဝ၊ နောင်ခမ်း၊ တုံလုံကျေးရွာ စတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါးကုသမှုတွေ SNA က ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ အခု စက်တင်ဘာလအထိ အနီးဝန်းကျင်ဒေသများမှ ဒေသခံပြည်သူတွေကို ကျန်းမာရေး စစ်ဆေးပေးတာနဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

related posts

Leave a Comment