Home » အာရက္ခတိုင်းပြည် အမြန်ဆုံးတည်ဆောက်နိုင်ပါစေဟု BPLA ခေါင်းဆောင် ဆုတောင်း

အာရက္ခတိုင်းပြည် အမြန်ဆုံးတည်ဆောက်နိုင်ပါစေဟု BPLA ခေါင်းဆောင် ဆုတောင်း

by Homeland Author

လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုရှိတဲ့ အာရက္ခတိုင်းပြည်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခက ဆုတောင်းခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းလွှာနဲ့အတူ သူ့ရဲ့အမှတ်တရတွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

မောင်ဆောင်းခက “ကျနော်တို့ တပ်စထောင်တုန်းက နာမည်ကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) လို့ ပေးမယ်စဉ်းစားထားကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ပြောပြပြီး အကြံဉာဏ်တောင်းတော့ ‘နာမည်က ကိုဆောင်းခတို့ ကြိုက်တာပေးလို့ရပါတယ်၊ အဓိကက အလုပ်တကယ်ဖြစ်မြောက်အောင်မြင်ဖို့ပဲ၊ အောင်မြင်ရင် ဘယ်နာမည်ပဲဖြစ်ဖြစ် ပြည်သူက လက်ခံလာမှာပဲ’ လို့ အကြံပြုခဲ့ကြောင်း” ပြောပါတယ်။

related posts

Leave a Comment