မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေခြင်းမှ လုံးဝထွက်ခွာစေရမယ်လို့ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) နဲ့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB) တို့က ပြောပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပူးတွဲတိုက်တွန်းနှိုးဆော်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုနဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဝန်ချတောင်းပန်စေခြင်းနဲ့ နိုင်ငံရေးတွင် ပါဝင်နေမှုမှ လုံးဝထွက်ခွာစေရမယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအရ အရေးယူမှုနဲ့ တာဝန်ခံမှု သေချာစေရေး ကြိုးပမ်းကြဖို့လည်း GSCN နဲ့ SYCB က တိုက်တွန်းထားပါတယ်။