Home » TNLA လက်အောက်က လီဆူတပ်ဖွဲ့ဝင်၂၀၀ ကျော် စစ်တပ်ထံ ပူးပေါင်း

TNLA လက်အောက်က လီဆူတပ်ဖွဲ့ဝင်၂၀၀ ကျော် စစ်တပ်ထံ ပူးပေါင်း

by Homeland Author

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်အောက်မှာ ရှိခဲ့တဲ့ လီဆူတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ မြန်မာစစ်တပ်ထံ ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

ဦးဂူဆီ ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် အင်အား ၂၀၀ ဟာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာမှုကို ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနားကို မိုးကုတ်မြို့မှာ ကျင်းပခဲ့ပါတယ်။

မိုးကုတ်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားကိုတော့ အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ပြီး မောင်းပြန်သေနတ် ၇၈ လက်၊ ပစ္စတို ၃ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်မျိုးစုံ ၁,၄၇၂ တောင့်နဲ့ ကျည်အိမ် ၈၄ ခုတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment