Home » တော်လှန်ရေးကာလအတွင်း တွင်ကျယ်လာတဲ့ ရေနံမှော်က KTV တွေ ပိတ်သိမ်းဖို့ အမိန့်ထုတ်

တော်လှန်ရေးကာလအတွင်း တွင်ကျယ်လာတဲ့ ရေနံမှော်က KTV တွေ ပိတ်သိမ်းဖို့ အမိန့်ထုတ်

by Homeland Author

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ် ရေနံမှော်နယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေကို ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ် ရေနံမှော်နယ်မြေအတွင်းမှာ KTV ဆိုင်တွေဟာ တော်လှန်ရေးကာလအတွင်း တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာတာကို တွေ့ရတယ်လို့ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ KTV ဆိုင်တွေမှာ အရပ်သားပြည်သူတွေသာမက တော်လှန်ရေးအဖွဲ့ဝင်တွေပါ KTV အခန်းတွေအတွင်း မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်ပါးနေကြတဲ့အပြင် မူးယစ်ဆေးဝါး သုံးစွဲတာ၊ ရောင်းချတာနဲ့ သယ်ဆောင်တာတွေ ပြုလုပ်နေကြောင်း ကြားသိရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

related posts

Leave a Comment