Home » ရှမ်းနီရွာသား ၄ ဦးကို KIA ပြန်လွှတ်ပြီးနောက် SNA ဘက်ကလည်း ကချင်တွေကို ပြန်လွှတ်ပေး

ရှမ်းနီရွာသား ၄ ဦးကို KIA ပြန်လွှတ်ပြီးနောက် SNA ဘက်ကလည်း ကချင်တွေကို ပြန်လွှတ်ပေး

by Homeland Author

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဦးဆောင်သူ အပါအဝင် ‌ဒေသခံ ၄ ဦးကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ဘက်ကလည်း မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက ကချင်သင်းအုပ်ဆရာတွေအပါအဝင် ၃၀ ခန့်ကို ပြန်ပြီးဖမ်းဆီးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကြားထဲမှာ ဒေသခံ အရပ်သားတွေကို အပြန်အလှန်ဖမ်းဆီးတာတွေ လုပ်ခဲ့ကြတာလို့ သိရပါတယ်။ အဲဒီနောက် သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA)၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) နဲ့ KBC တို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တာကြောင့် အခုလို ပြန်လွှတ်ပေးခဲ့ကြတာလို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဒီနေ့ မနက် ၁၁ နာရီကျော်မှာ KIA ဘက်က ဖမ်းဆီးထားတဲ့ ရှမ်းနီဒေသခံတွေကို ပြန်လွှတ်ပေးခဲ့ပြီး၊ အဲဒီအချိန်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ SNA ဘက်ကလည်း ဆားမှော်ရွာသားတွေနဲ့ သင်းအုပ်ဆရာကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

related posts

Leave a Comment