Home » NSPNC နဲ့ SSPP တို့ ငြိမ်းချမ်းရေး တွေ့ဆုံ

NSPNC နဲ့ SSPP တို့ ငြိမ်းချမ်းရေး တွေ့ဆုံ

by Homeland Author

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC နဲ့ SSPP ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြတဲ့ စဝ်နော်လိတ်၊ စဝ်စွမ်မောဝ် နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ စိုင်းဗျူဖ၊ စိုင်းလောင်ခမ်းမိန်းတို့ပါဝင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကြိုတင်ကန့်သတ်ချက်မထားတဲ့ နည်းလမ်းဖြင့် ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ခဲ့ကြောင်း နဲ့ NCA Plus ကဲ့သို့ အကောင်အထည်ဖော်မယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း လျာထားကြောင်း ပြောပါတယ်။

related posts

Leave a Comment