Home » ရွှေ ၁၆ ပိဿာကျော်နဲ့ အခြားပြစ်မှုကြောင့် မန်း-PDF ရဲဘော်နှစ်ဦးကို NUG အရေးယူ

ရွှေ ၁၆ ပိဿာကျော်နဲ့ အခြားပြစ်မှုကြောင့် မန်း-PDF ရဲဘော်နှစ်ဦးကို NUG အရေးယူ

by Homeland Author

ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) မှ ရဲဘော်မုန်တိုင်း နဲ့ ရဲဘော်နိုင်ကြီးတို့ဟာ ရွှေ ၁၆ ပိဿာကျော် ထုတ်ယူမှု နဲ့ အခြားသော ပြစ်မှုတွေကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန (MOD )က ဒီနေ့ ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မန္တလေး-PDF မှ ရဲဘော်မုန်တိုင်းက စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ တာဝန်ဖြင့် စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်လည်းကောင်း၊ ရဲဘော်နိုင်ကြီးဟာ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံအဖြစ်လည်းကောင်း စတင်စုဖွဲ့တဲ့အချိန်မှစ၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေး-PDF ရဲ့ တင်ပြချက်တွေအရ ရဲဘော်မုန်တိုင်းဟာ တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်းရဲ့ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနဲ့အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ မန္တလေး-PDF ရဲ့ ဦးဆောင်မှုနဲ့ တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး ရဲဘော်မုန်တိုင်းကိုလည်း အပြစ်ပေး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment