3



သုတစုံလင် ဗုဒ္ဓဝင် ပထမဆုရှင် မအိမ့်ချစ်သူ ဟာ သူရဲ့ ဇာတိမြို့ တောင်ကြီးကို ပြန်လာချိန် မြို့သူ/မြို့သားတွေဟာ အိုးစည်ဗုံမောင်းတွေနဲ့ သောင်းသောင်းဖြဖြကြိုဆို ကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲမှာ ပထမဆု ရရှိတဲ့ မအိမ့်ချစ်သူ နဲ့ ထူးချွန်လူငယ်မောင်မယ်တွေဟာ ဒီနေ့ ဇွန်လ ၆ ရက်၊ ညနေပိုင်းမှာ တောင်ကြီးမြို့ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။


