Home » တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ ရဲဘော်တွေအတွက် တမူး-PDF အလှူပြုလုပ်

တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ ရဲဘော်တွေအတွက် တမူး-PDF အလှူပြုလုပ်

by Homeland Author

တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ PDF ရဲဘော် ၁၂ ဦးအတွက် ရှင်ပြုအလှူအပါအဝင် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့တယ်လို့ တမူးခရိုင်အမှတ်(၂)တပ်ရင်းက မနေ့က ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

တမူးခရိုင်၊ အမှတ်(၂)တပ်ရင်း ရဲဘော်/ရဲမေတွေ နဲ့ တော်လှန်ရေးမိသားစုတွေ စုပေါင်းပြီး တမူးခရိုင်အတွင်းရှိ မြို့သစ်မြို့နယ်၊ ဦးအောင်ဇေယျကျေးရွာ နဲ့ စိုးသာယာကျေးရွာအတွင်း တည်ထားကိုးကွယ်လျှက်ရှိတဲ့ (ရှေးဟောင်းသမိုင်းဝင်) ရွှေဥဒေါင်းစေတီတော်၊ အောင်မြေရတနာသိဒ္ထိစေတီတော်၊ အောင်တော်မူစေ​တီတော် နဲ ဆုတောင်းပြည့်စေတီတော် တို့အားပြုပြင်မွမ်းမံ၍ ရွှေသင်္ကန်းကပ်လှူပူဇော်တာ၊ ထီးတော်တွေတင်လှူပူဇော်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အတူ ဒုတိယအကြိမ် ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို (၃) ရက်တိတိ အောင်မြင်ခြိမ့်သဲစွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ရှိ စစ်ကိုင်းတိုင်း တမူးမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး တမူးခရိုင်အတွင်းရှိ ခါမ်းပတ်မြို့ နဲ့ မြို့သစ်မြို့ကို PDF တွေက ထိန်းချုပ်ထားပါတယ်။

related posts

Leave a Comment