ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ နယ်မြေ၊ ဗန်းမောက်မြို့နယ်မှာ SNA စစ်သည်ရဲမေ သတိုးသား၊ သတိုးသမီးစုံတွဲ ၂၀ စုပေါင်းမင်္ဂလာည မိတ်ဆုံစားပွဲကို မနေ့က မေလ ၁၈ ရက် ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညပိုင်းမှာ ကျင်းပခဲ့တဲ့ အဲဒီမိတ်ဆုံစားပွဲကို SNA မှ တပ်ရင်းမှူး အစရှိတဲ့ တာဝန်ရှိလူကြီးတွေကို ကန်တော့ခြင်း အစီအစဉ်တွေနဲ့ ဆောင်ရွက်ခဲ့ကြပြီး၊ ဒီနေ့ မေလ ၁၉ ရက် မနက်မှာလည်း သတိုးသား၊ သတိုးသမီးတွေရဲ့ မိဘဆွေမျိုးညာတိတွေနဲ့ ဧည့်ခံခြင်း၊ မင်္ဂလာဆွမ်းကပ်ခြင်း အစီအစဉ်တွေ ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ လက်ထပ်မင်္ဂလာပွဲကိုလည်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ တပ်မဟာမှူး ဆေကောင်းဆိုင်မှ မင်္ဂလာဆုမွန်ကောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


